War နိုင်ငံရေး

ကနဦးဆုတ်ခွာမယ့် နယ်နိမိတ်မျဉ်း အထိ ပြန်ဆုတ်ပေးဖို့ အစ္စရေး သဘောတူ

အောက်တိုဘာ ၅ – ၂၀၂၅

စေ့စပ်ညှိနှိုင်းမှုတွေ အပြီး အစ္စရေး အနေနဲ့ ကနဦးဆုတ်ခွာမယ့် နယ်နိမိတ်မျဉ်း အထိ ပြန်ဆုတ်ပေးဖို့ သဘောတူလိုက်ပြီလို့ သမ္မတ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားဖေါ်ပြထားပါတယ်။

ဒီညှိနှိုင်း သဘောတူညီမှုကို ဟားမတ်စ် ဘက်ကို အသိပေးထားပြီ ဖြစ်ပြီး ဟားမတ်စ်တို့က အတည်ပြုပြီးတာနဲ့ အပစ်ရပ်စဲရေး ချက်ခြင်း သက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓားစာခံတွေနဲ့ အကျဥ်းသား လဲလယ်ရေးလည်း စတင်မှာ ဖြစ်ပြီး၊ အဲဒီနောက် တပ်ဆုတ်ဖို့ နောက်တဆင့် အခြေအနေတွေကို သတ်မှတ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

နှစ် ၃၀၀၀ ကျော်ကြာ ကပ်ဘေးကြီး အဆုံးသတ်ဖို့ ဖြစ်လာလိမ့်မယ် လို့လည်း ထရမ့်က ဖေါ်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *