အောက်တိုဘာ ၂၄ -၂၀၂၅
ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ CDF-Kanpetlet ရဲ့ တာဝန်ရှိသူ ဆလိုင်းအောင်လိန်း မင်္ဂလာဆောင် ဒီကနေ့ ကျင်းပနေတာကို စစ်တပ်က လေကြောင်း က တိုက်ခိုက်လို့ လူ ၄ ဦး သေဆုံးသွားပြီး တခြား ၁၀ ယောက်ထက် မနည်း ထိခိုက် ဒဏ်ရာ ရရှိ သွားပါတယ်။
လေကြောင်းတိုက်ခိုက်မှုက မြို့မ ၂ ရပ်ကွက် ၊ ၁၀ မိုင်ကုန်းမှာ ပြုလုပ် နေတဲ့ မင်္ဂလာဆောင်ပွဲ ထဲကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ကြောင်း ၊ ဒေသတွင်းသတင်းနဲ့ စစ်ရေး သတင်းရင်းမြစ်တွေအရ သိရပါတယ်။
” ပွဲလုပ်နေတဲ့အပေါ် တည့်တည့်ကို ကျတယ်သိရတယ်။ အခုသိရ သလောက်ကတော့ အမျိုးသား သုံးယောက်နဲ့ အမျိုးသမီးတယောက်သေ ပါတယ်။ ဒဏ်ရာရသူလည်းများတယ်သိရတယ်။ ကျန်တဲ့ အခြေအနေ မသိရသေးဘူး။ ” လို့ စစ်ရှောင် အရေးကူညီနေသူက ပြောပါတယ်။
လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှု အတွင်း ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးဖို့ လုပ်ဆောင်နေကြောင်း ၊ သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရ အခြေအနေကိုတော့ CDF-Kanpetlet ကနေ ထုတ်ပြန်တာမျိုး မရှိသေးပါ။
ကန်ပက်လက်မြို့ ကတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ CDF တွေ ထိန်းချုပ် ထားခဲ့တဲ့ ဒေသဖြစ်ပါတယ်။
Crd – VOM
—————————
THN Public Media
