စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စက်တင်ဘာလ နဲ့ အောက်တိုဘာလ မှာ ငွေကျပ် ၁၄ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၂၉ ကီလိုကျော် နဲ့ စိတ်ကြွ ရူးသွပ် ဆေးပြား ၆၅ ဒသမ ၂ သိန်း ဖမ်းဆီးရမိ ခဲ့တယ်လို့ စစ်ကော်မရှင်က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီမူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့ ကနေ စစ်ကိုင်းတိုင်း ကလေးမြို့ ကို သယ်ဆောင် ရောင်းဝယ်တာလို့ သိရကြောင်း နဲ့ ကွင်းဆက်တွေကို ဆက်လက် ဖေါ်ထုတ်နေတယ်လို့ ဖေါ်ပြထားပါတယ်။
—————-
THN Public Media
