တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၁၀ နှစ်ပြည့် အတွက် NCA လက်မှတ်ထိုး တိုင်းရင်းသား EAO တဖွဲ့ဖြစ်တဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ တပ်မတော် က တိုင်းပြည်အာဏာကို ထိန်းချုပ်မှု နဲ့ အစိုးရက EAO တွေကို ၂၀၀၈ ခြေဥ အောက် ရောက်ရှိရေး ဖိအားပေး လုပ်ဆောင်တာ အပါအဝင် အချက် ၅ ချက်ကြောင့် ဖြစ်ကြောင်း ထောက်ပြထားပါတယ်။
ဒီအတွက် အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေ အောင်မြင်ရေး အတွက် တပ်မတော် အနေနဲ့ EAO တွေနဲ့ ယုံကြည်မှု တည်ဆောက်ခြင်း အပါအဝင် အချက် ၅ ချက်ကို ဆောင်ရွက်ဖို့ အကြံပြုထားပါတယ်။
NCA ပေါ်ပေါက်လာဖို့ အတွက် အစိုးရ နဲ့ EAO တွေ ကို RCSS က ဝမ်းမြောက်စွာ ဂုဏ်ယူကြောင်းလည်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media