နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတ က ထရမ့်ကို အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်၊ ရွှေသရဖူကြီး လက်ဆောင်ပေး

GYEONGJU, SOUTH KOREA – OCTOBER 29: U.S. President Donald Trump reacts as he is presented with the Grand Order of Mugunghwa and the Silla gold crown by South Korean President Lee Jae Myung at the Gyeongju National Museum on October 29, 2025 in Gyeongju, South Korea. Trump is in South Korea for the APEC meetings, following an appearance at the ASEAN summit in Malaysia, and a trip to Japan, where he called on Japanese Emperor Naruhito and new Prime Minister Sanae Takaichi. (Photo by Andrew Harnik/Getty Images

အောက်တိုဘာ ၂၉ – ၂၀၂၅

တပတ်ကြာ အာရှခရီး နောက်ဆုံး ခရီးစဥ် အဖြစ် တောင်ကိုရီးယားကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တောင်ကိုရီးယား သမ္မတ လီဂျေမြောင် က တောင်ကိုရီးယား နိုင်ငံရဲ့ အမြင့်ဆုံးဆု ဖြစ်တဲ့ Grand Order of Mugunghwa ဆုကြီးကို ချီးမြှင့်လိုက်ပါတယ်။

ဒီဂုဏ်ထူးဆောင်ဆုကြီးဟာ “ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ထရမ့်ရဲ့ ပံ့ပိုးကူညီမှုကို အသိအမှတ်ပြုတဲ့အနေနဲ့” ပေးအပ်ခြင်း ဖြစ်ကြောင်း ကိုရီးယား သမ္မတရုံး က ပြောပါတယ်။

ထရမ့်ဟာ ဒီဆုကို ရတဲ့ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် သမ္မတ လီဂျေမြောင် က ထရမ့်ကို ရွှေရောင် သရဖူကြီး တခုကို ပါ လက်ဆောင်ပေးခဲ့ပါတယ်။

ဒီသရဖူဟာ ရှေးဟောင်း Silla ဘုရင့် နိုင်ငံတော် ခေတ်က ဘုရင်တွေ ဝတ်ဆင်ခဲ့တဲ့ သရဖူ ပုံတူ ဖြစ်ပြီး ဒါကို လက်ဆောင်ပေးရတာဟာ ထရမ့်က ရွှေကို နှစ်သက်တာကြောင့်နဲ့ နှစ်နိုင်ငံ မဟာမိတ် “ရွှေရောင် အနာဂတ်” ကို ဖော်ညွှန်းလိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ ရွှေသရဖူ ရဲ့ အဓိပ္ပါယ်ဟာ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေပြင်က ခေါင်းဆောင်မှု အကြား နတ်ဘုရား ဆိုင်ရာ ဆက်စပ်မှုကို ကိုယ်စားပြုတာ ဖြစ်ကြောင်း သမ္မတ လီဂျေမြောင် က ပြောပါတယ်။

ထရမ့်က သရဖူကို ရည်ညွှန်းပြီး “အခုပဲ ဝတ်ချင်မိတယ်” လို့ ပြောကြားခဲ့ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *