ပြည်တွင်း အင်တာဗျူး

ထိုင်းက တရုတ်ကို ပြန်ပို့တော့မယ့် ရှီကျီကျန်း နှင့် KK Park ကို ဝင်စီးမှု နောက်ကွယ် – ကိုစတီဗင် စန်းယု ကို မေးထားသည်

‘’ရှီကျီကျန်း ကလည်း တရုတ်ကိုရောက်ရင် သေဒဏ်ပေးခံရမယ်ဆိုတာ သူသိတယ်…’’ ကိုစတီဗင်စန်းယု (ထိုင်းအရေး ကျွမ်းကျင်သူ) –

———————————–

ကရင်ဒေသမှာ ကျားဖျန့်လုပ်ငန်းကို မျိုးစေ့ချပေးသွားတဲ့ လက်ရှိ ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ တရုတ် သူလျှို ရှီကျင်ကျန်း ကို တရုတ်ဆီ လွှဲပြောင်းပေးဖို့ ထိုင်း အခြေခံဥပဒေ ခုံရုံးက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

အခုလို သတင်းထွက်ပေါ်လာတဲ့ အချန် မြန်မာ စစ်တပ်ဟာ ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့အနီးက KK Park နေရာကို ဝင်စီးနင်းပြီး ကျားဖျန့် လုပ်ငန်းမှာ ရှိနေကြတဲ့ လူ ၂ ထောင် ကျော်ကို ပြန်လွှတ်ပေး ခဲ့ ပါတယ်။

ဒါဟာ သီးခြားစီ ဖြစ်ပေါ်လာတဲ့ သတင်းလား… တိုက်ဆိုင်မှုလား… တခုနဲ့ တခု ပတ်သက်ဆက်နွယ်နေ မလား ဆိုတာ ထိုင်းအရေးကျွမ်းကျင်တဲ့ ကိုစတီဗင် စန်းယူ ကို မေးမြန်း တင်ဆက်ထားပါတယ်။

သုံးသပ်ချက်အခြေအနေတွေ အရ ထိုင်းမြန်မာ နယ်စပ် ကရင်ပြည်နယ်မှာ ကျားဖျန့်တွေ လျော့ကျ ကင်းစင် သွားနိုင် မလား ဆိုတာကိုလည်း ဆွေးနွေး တင်ဆက်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *