War နိုင်ငံရေး

နတ်ရေကန်ဗျူဟာ တိုက်ပွဲမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် တချို့ ဖမ်းဆီးရမိကြောင်း AA သတင်းထုတ်ပြန်

အောက်တိုဘာ ၁၈ – ၂၀၂၅

မကွေးအစပ် နတ်ရေကန်ဗျူဟာကုန်း တိုက်ပွဲ ကနေ စစ်ကော်မရှင် တပ်ဖွဲ့ဝင် တချို့ ဖမ်းဆီးရမိကြောင်း နဲ့ တချို့ လက်နက်ချလာသူတွေ ရှိနေကြောင်း နတ်ရေကန်ဗျူဟာကုန်း ကို တိုက်ခိုက်နေတဲ့ အာရက္ခ တပ်တော် AA က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

သူတို့ကို စစ်သုံ့ပန်းဥပဒေ နဲ့ အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ပေးထား တယ်လို့လည်း ဖေါ်ပြထားပါတယ်။

စစ်တပ်ဘက် ကနေ နတ်ရေကန် ဗျူဟာကုန်း မကျရေးအတွက် လေကြောင်း ပစ်ကူ နဲ့ စစ်ကူတွေ အဆက်အပြတ် ပေးနေတဲ့ ကြားမှာ AA က ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *