နိုင်ငံရေး

နတ်ရေကန် စခန်းကို ဆက်လက်တိုက်ခိုက် နေကြောင်း နဲ့ ပဲခူးတိုင်း အစပ်က စစ်တပ်ရဲ့ ပွိုင့် ၆၆၆ စခန်းကို သိမ်းပိုက်ခဲ့ကြောင်း AA သတင်းထုတ်ပြန်

အောက်တိုဘာ ၁၆ – ၂၀၂၅

မကွေးတိုင်းအစပ်က စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ အတွက် လက်ကျန်နေရာ တချို့ကို ဆက်လက် တိုက်ခိုက်နေကြောင်း အာရက္ခ တပ်တော် AA က မနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန် ထားပါတယ်။

ဒါပေမယ့်လည်း ပဲခူးတိုင်းအစပ် ပန်းတောင်းမြိုနယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်၊ (၉) ကီလိုမီတာအကွာ မှာ ရှိတဲ့ စစ်တပ်ရဲ့ ပွိုင့် ၆၆၆ စခန်းကို တော့ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ သိမ်းပိုက်ခဲ့ကြောင်း ဖေါ်ပြထား ပါတယ်။

ပွိုင့် ၆၆၆ တိုက်ပွဲမှာ နှစ်ဘက် အကျအဆုံးရှိပြီး စစ်တပ်ရဲ့ အလောင်း တချို့နဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်း တချို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က လက်နက်ချ လာသူတွေကို စစ်သုံ့ပန်း ဥပဒေနဲ့ အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထား တယ်လို့လည်း ဖေါ်ပြထား ပါတယ်။

ဧရာဝတီတိုင်း၊ ရေကြည်မြိုနယ်၊ စက်စက်ယို ကျေးရွာအနီး မှာလည်း မနေ့ အောက်တိုဘာလ ၁၅ ညနေပိုင်းမှာ မိနစ် အနည်းငယ်ကြာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်နဲ့ AA နှစ်ဘက် ရင်ဆိုင်ထားတဲ့ နေရာတွေမှာ တိုက်ပွဲတွေ နေ့တိုင်း နီးပါး ဆက်လက် ပြင်းထန်နေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *