နိုင်ငံတကာ နိုင်ငံရေး

ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုကြောင်း ပြင်သစ်သမ္မတ မက်ခရွန် ကုလညီလာခံမှာ ပြောကြား

စက်တင်ဘာ ၂၂ – ၂၀၂၅
အာလုံး မျှော်လင့်ထားတဲ့ အတိုင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြင်သစ်အစိုးရ အနေနဲ့ ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ်ပြု ဖြစ်ကြောင်း အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အတည်ပြုပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

မကြာသေးခင် သီတင်းပတ်တွေ အတွင်း အခုလို ပါလက်စတိုင်းနိုင်ငံ အဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံရေး လှိုင်းထဲမှာ ပြင်သစ်လည်း ပါဝင်လာတာ ဖြစ်ပါတယ်။
အခုလို ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြုကြောင်း မပြောကြားခင် သမ္မတ မက်ခရွန်က ဂါဇာ စစ်ပွဲကို ရပ်တန့်ဖို့နဲ့ ဟားမတ်စ် အနေနဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၄၈ ယောက်ကို လွှတ်ပေးဖို့ အချိန်တန်ပြီလို့ ကုလသမဂ္ဂကို ပြောကြားခဲ့ပါတယ်။

ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို ဖမ်းဆုပ်နိုင်ဖို့ အချိန် သိပ်မကျန်တော့ဘူး’’ “ကျွန်တော်တို့တွေ ဆက်ပြီး စောင့်နေလို့ မရတော့ဘူး” လို့ သူက ပြောကြားပါတယ်။
အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တို့ရဲ့ အစ္စရေးကို တိုက်ခိုက်မှုတွေ အပေါ် မက်ခရွန်က ပြစ်တင် ရှုတ်ချလိုက်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံဟာ ယှဉ်တွဲ နေထိုင်နိုင်ခြင်းအားဖြင့် ဒေသတွင်းမှာ ငြိမ်းချမ်းရေးကို မြင်တွေ့လိုတယ်လို့ ဆိုပါတယ်။

“ဘယ်အရာကမှ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲကို တရားဝင် ဖြစ်စေတာ မဟုတ်ဘူး” လို့ မက်ခရွန်က ပြောကြားခဲ့ပြီး “အရာအားလုံးက ကျွန်တော်တို့ကို ဒီစစ်ပွဲကို အဆုံးသတ်ဖို့ တွန်းအားပေးနေ ပါတယ်” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *