ဖိလစ်ပိုင်ကို အခုနှစ် အတွင်း အပြင်းထန်ဆုံး တိုင်ဖုန်း မုန်တိုင်း တခု ဖြစ်တဲ့ ခါမာဂီ မုန်တိုင်းကြောင့် လူ ၈၅ ဦးထက်မနည်း သေဆုံး ခဲ့ရပြီး လူရာပေါင်းများစွာ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖိလစ်ပိုင် အာဏာပိုင် တွေက ပြောပါတယ်။
ခါမာဂီ မုန်တိုင်း ဟာ လူဦးရေ အများဆုံး နေထိုင်ရာ စီဘူး ကျွန်း အလယ်ပိုင်း က မြို့နယ်များစွာကို ရေလွှမ်းမိုးခဲ့ပြီး အဲဒီဘက်မှာ အနည်းဆုံး ၄၉ ဦး သေဆုံးခဲ့ပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ တာဝန်ရှိသူတွေက ၇၅ ဦး ပျောက်ဆုံး နေပြီး ၁၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အခုဆို မုန်တိုင်းဟာ ဗီယက်နမ်ကို ဦးတည် ရွေ့လျားနေပြီး မနက်ဖြန် မှာ ဗီယက်နမ်တောင်ပိုင်း ကမ်းခြေကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားကြ ပါတယ်။
ဖိလစ်ပိုင် လေတပ်က ရဟတ်ယာဥ် တစင်းလည်း ပျက်ကျခဲ့ပြီး လေယာဉ်မှူးနဲ့ အမှုထမ်းတွေ ဖြစ်နိုင်ဖွယ်ရှိတဲ့ ရုပ်အလောင်း ၆ လောင်း ကို ပြန်လည် ဆယ်ယူ ရရှိပြီဟု လေတပ်တာဝန်ရှိသူက ပြောပါတယ်။
ဖိလစ်ပိုင် အမျိုးသား ဘေးအန္တရာယ်အေဂျင်စီ ရဲ့ ဗုဒ္ဓဟူးနေ့ အစီရင်ခံစာ အရ လူဦးရေ ၄၀၀၀၀၀ ကျော် မုန်တိုင်း ဘေးအန္တရာယ်ကြောင့် နေရပ် စွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။
—————————
THN Public Media
