အောက်တိုဘာ ၆ – ၂၀၂၅
မကွေးတိုင်း မင်းဘူးခရိုင် PDF အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး ဟိုးကြီး ဟာ အောက်တိုဘာ ၁ ရက်နေ့က ကိုယ့်ကိုယ်ကို အဆုံးစီရင်သွား တယ်လို့ သိရပါတယ်။
ကျေးရွာတခု ဆေးခန်းထဲမှာ တခြားရဲဘော်တွေကို အပြင်ကို သွားကြဖို့ ပြောပြီး သူတဦးတည်း ရှိချိန်မှာ သေနတ်နဲ့ ပစ်ခတ် အဆုံးစီရင် သွားတာဖြစ်ပါတယ်။အဆုံးမစီရင်ခင် ‘’ရိုးသားစွာတော်လှန်ကြပါ… အောက်ခြေရဲဘော်များ၏ အရှက် ဂုဏ်သိက္ခာ အသက်တွေကို ချမနင်းကြပါနဲ့…’’ ဆိုပြီး စာရွက် တရွက် မှာ စာရေးသားသွားခဲ့ပါတယ်။
အဲဒီစာအောက်ဘက်မှာ Kpay အကောင့်တခုရဲ့ Password ကို ရေးထားခဲ့ ပါတယ်။အခုလို ဖြစ်သွားရတာဟာ သူ ယာယီတပ်ရင်းမှူး တာဝန်မယူခင် အရင် တပ်ရင်းမှူး ကိုသုဝဏ်ကို ခရိုင်က ဖမ်းဆီးမှုနဲ့ ဆက်စပ်ပြီး ဖိအားများလို့ ဖြစ်နိုင်ကြောင်း သူနဲ့ ရင်းနှီးတဲ့သူ တဦးက ပြောပြပါတယ်။တပ်ရင်းမှူး ကိုသုဝဏ်ကိုဖမ်းဆီးပြီး တပ်ရင်းက ရဲဘော် အတော် များများကို ခရိုင်က တောင်းယူခဲ့တယ်လို့ လည်း သိရကြောင်း ပြောပါ တယ်။
ကိုသုဝဏ်ရဲ့ မိသားစုဝင်တွေကိုလဲ နေအိမ်အကျယ်ချုပ် ချထားမှုတွေ လည်း ရှိတယ်လို့ ပြောပါတယ်။တပ်ရင်း ၃ ကို အခွန်ကောက်ခံမှု တာဝန် မပေးထားသလို ယာယီ တပ်ရင်းမှူး ဟိုးကြီး ဟာ ငွေကြေး အရှုပ် အရှင်းကင်း သလို တခြား ဘာပြဿနာမှ ရှိသူလည်း မဟုတ်ဘူးလို့ သိရပါတယ်။