စက်တင်ဘာ ၃၀ – ၂၀၂၅
ဒီဇင်ဘာ ၂၈ ပထမအသုတ်ရွေးကောက်ပွဲ မဲစာရင်းတွေကို ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် ရုံးခွဲတွေမှာ ကပ်ထားမှာ ဖြစ်တယ်လို့ စစ်ကော်မရှင် ရဲ့ ပြည်ထောင်စု ရွေးကောက်ကောက်ပွဲ ကော်မရှင် UEC က မနေ့က ထုတ်ပြန်ထားပါတယ်။
ကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် ရုံးခွဲတွေမှာ မကပ်ထားနိုင်ဘူးဆိုရင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင် ရုံးတွေမှာ မဲစာရင်း ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
တကယ်လို့ မဲစာရင်းမှာ မပါဝင်တဲ့ သူတွေနဲ့ ပုံစံ ၃ နဲ့ တောင်းဆို နိုင်ကြောင်းနဲ့ မပါဝင်သင့်တဲ့သူတွေ ပါနေရင် ပုံစံ ၄ နဲ့ ကန့်ကွက်နိုင်သလို မဲစာရင်းမှားပါက ပုံစံ ၄-ဂ နဲ့ ပြင်ဆင်လွှာ တင်သွင်းနိုင်တယ်လို့ ဆိုပါတယ်။
ပြင်ဆင် ဖြည့်စွက် ပယ်ဖျက် တာတွေ ပြီးစီးပါက မဲစာရင်းကို နောက်တကြိမ် နိုဝင်ဘာလ မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။
မဲစာရင်းတွေကို အိမ်ထောင်တစု လျင် တဦး အနေနဲ့ မပျက်မကွက် လာကြည့်ကြဖို့ကို UEC က မေတ္တာရပ်ခံထားပါတယ်။