ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ အနီး သောင်ရင်းမြစ်ဘေး နာမည်ဆိုးနဲ့ ကျော်ကြား နေတဲ့ KK Park ကို စစ်တပ်က ဝင်ရောက် စီးနင်း ရှင်းလင်းခဲ့ကြောင်း MRTV က ဒီကနေ့ သတင်းထုတ်ပြန် ထားပါတယ်။
KK Park ထဲမှာ ထူးခြား လက္ခဏာ မတွေ့ရဘဲ Starlink အစုံ ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆောက်အဦးတွေ အတွင်းကနေ အမျိုးသား အလုပ်သမား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံခြုံရေး အမျိုးသား ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦး တို့ကို တွေ့ရှိခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
KK Park အတွင်း မြေပိုင်ဆိုင်မှုနဲ့ အဆောက်အဦး ဆောက်လုပ်ခွင့်၊ ခွင့်ပြုအမိန့်တွေ မတွေ့ ရှိတဲ့ အတွက် အရေးယူမှုတွေကို ဆောင်ရွက် သွားမယ်လို့ သတင်းမှာ ကြေညာသွားပါတယ်။
—————————
THN Public Media