နိုင်ငံတကာ နိုင်ငံရေး

ရွေးကောက်ပွဲ မတိုင်ခင် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ရမယ်လို့ အာဆီယံ ကြေညာချက် ထုတ်ပြန်

KUALA LUMPUR, MALAYSIA – 26 MAY: Anwar Ibrahim, Prime Minister of Malaysia is giving his opening remarks during the first plenary session for the 46th ASEAN Summit, in Kuala Lumpur, Malaysia on 26 May, 2025. (Photo by Syaiful Redzuan/Anadolu via Getty Images

အောက်တိုဘာ ၂၇ – ၂၀၂၅

မနေ့က စတင်ကျင်းတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သုံးသပ်ဆုံးဖြတ်ချက်ကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် အကြမ်းဖက်မှု ရပ်စဲပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဆောင်ရမယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းကတည်းက အာဆီယံက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက် ကို အာဆီယံ ထိပ်သီးအစည်းအဝေးကနေ ပြန်လည် သုံးသပ်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီ ဘုံ ၅ ချက်ကို မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေး အတွက် အဓိက ကိုင်ဆွဲမှာ ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

အရပ်သားတွေ အပေါ် အကြမ်းဖက်တာ၊ အများပြည်သူနဲ့ ဆိုင်တဲ့ အဆောက်အဦး တွေ၊ အရပ်ဖက် အခြေခံ အဆောက်အအုံတွေ ကို တိုက်ခိုက်မှုတွေ အပေါ် ရှုတ်ချ ကြောင်းနဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ သက်ဆိုင်သူအားလုံး အနေနဲ့ ဘာမှ ခွဲခြားမှု မရှိတဲ့ အကြမ်းဖက်မှုတွေ ကို ချက်ခြင်း ရပ်တန့်ဖို့၊ အရပ်သားတွေကို ကာကွယ် ပေးဖို့၊ လူသားချင်း အကူအညီတွေ ပို့လို့ရအောင် ဆောင်ရွက်ပေးဖို့ တို့ကို တိုက်တွန်း ထားပါတယ်။

ဒီဇင်ဘာ ရွေးကောက်ပွဲ နဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကို လေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ခေါ်ထားချက် တွေနဲ့ ပတ်သက်ပြီး အဖြေမပေးသေးဘဲ မှတ်သားထားတယ်လို့ ဆိုပါတယ်။

ဘုံ ၅ ချက် အ‌ကောင်အထည်ဖေါ်မှု တိုးတက်မှု မရှိမချင်း အာဆီယံ ထိပ်သီး အစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေကို မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ မသက်ဆိုင်သော ကိုယ်စားလှယ်အဆင့် ကိုသာ ဆက်လက် တက်ရောက် ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။

အားလုံးပါဝင်တဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ အတွက် ဘုံ ၅ ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ကိုလည်း သက်ဆိုင်သူ အားလုံးကို တိုက်တွန်းထားပါတယ်။

အာဆီယံ အနေနဲ့ “Troika” သုံးပွင့်ဆိုင် ဆွေးနွေး ဆောင်ရွက်မှု စနစ် ကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပြီး အလွတ်သဘော ဆွေးနွေးမှုတွေကိုလည်း ထောက်ခံ သွားမယ် လို့ ဆိုပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *