ရွှေ့ပြောင်းဝင်ရောက်သူ ဆန့်ကျင်ရေး လက်ယာစွန်းတွေရဲ့ လန်ဒန် ဆန္ဒပြပွဲကို အမျိုးသမီးတွေ တန်ပြန်ဆန္ဒပြ
စက်တင်ဘာ ၁၄ – ၂၀၂၅
မနေ့ စက်တင်ဘာ ၁၃ ရက်နေ့က လန်ဒန်မြို့မှာ လက်ယာစွန်း ခေါင်းဆောင် Tommy Robinson ဦးဆောင်တဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူ ဆန့်ကျင်ရေး ”Unite the Kingdom” ဆန္ဒပြပွဲကို လူပေါင်း တသိန်းခွဲ အထိ ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ ၂၅ ယောက် ဖမ်းဆီးခံခဲ့ရတဲ့ အပေါ် အမေရိကန်က ကနေ အီလွန်မာ့စ် က ဗီဒီယို လင့်ကနေ တဆင့် ဆန္ဒပြသူတွေကို ပြန်တိုက်ခိုက်ဖို့ နဲ့ အဲလိုမလုပ်ရင် သေလိမ့်မယ်လို့ ပြောကြားပါဝယ်။
ဒါ့အပြင်သူက ယူကေပါလီမန်ကို ဖျက်သိမ်းပစ်ဖို့ ဆော်သြ ခဲ့ပါတယ်။
ဒီလို လက်ယာစွန်းတွေရဲ့ ”Unite the Kingdom” ဆန္ဒပြမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးထုကလည်း တန်ပြန် ဆန္ဒပြမှုတွေပြုလုပ်ခဲ့ရာ လူပေါင်းများစွာ ပါဝင် ခဲ့ကြကြောင်း သိရပါတယ်။
ဆန္ဒပြမှုတွေ အတွင်း ရဲတပ်ဖွဲ့ဝင် ၂၆ ဦး ထိခိုက် ဒဏ်ရာ ရမှုတွေ ရှိခဲ့ပါတယ်။
—————————
THN Public Media
–
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
တစ်တော့ လာပြီ
–
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
————————–
တွစ်တာလည်း ရှိတယ် Twitter – https://twitter.com/winburmese