နိုင်ငံရေး ပြည်တွင်း

လူ့အခွင့်အရေးကောင်စီ ရဲ့ မြန်မာနိုင်ငံအစီရင်ခံစာတွေ အပေါ် မြန်မာစစ်ကော်မရှင် ကန့်ကွက်ပယ်ချ

အောက်တိုဘာ ၁၅ – ၂၀၂၅

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်တင်ဘာလ ၈ ရက်နေ့ကနေ အောက်တိုဘာ ၈ ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ (၆၀) ကြိမ်မြောက် အစည်းအဝေး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေနဲ့ အစီရင်ခံစာတွေ အပေါ် မြန်မာစစ်ကောင်စီက ကန့်ကွက် ပယ်ချ လိုက်ပါတယ်။

စစ်ကော်မရှင် နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်နေ့မှာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီအရင်ခံစာ နဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား တို့ရဲ့ ဆွေးနွေးချက်တွေဟာ စိစစ်အတည်ပြုနိုင်ခြင်း မရှိတဲ့ အချက်အလက်တွေ အများအားဖြင့် အသုံးပြုထားပြီး မြန်မာအစိုးရ အပေါ် ထပ်တလဲလဲ စွပ်စွဲချက်တွေသာ ဖစ်တယ်လို့ ဆိုပါတယ်။

အခုတကြိမ်မှာလည်း အရင်အတိုင်းပဲ သက်ဆိုင်တဲ့ နိုင်ငံက ကိုယ်စားလှယ် ကို ပါဝင်ခွင့် မပြုဘဲ အစည်းအဝေး ကျင်းပခဲ့တာ ဟာ လူ့အခွင့်အရေးကောင်စီရဲ့ အခြေခံမှူတွေနဲ့ သွေဖည်နေတယ်လို့ ပြောပါတယ်။

အခုလို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ နဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တဲ့ ဆွေးနွေးချက်တွေကို မြန်မာနိုင်ငံ အနေနဲ့ ပြတ်သားစွာ ကန့်ကွက် ပယ်ချလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ အဆင့်ဆင့်ကျင်းပမယ့် ရွေးကောက်ပွဲ ရလဒ် အရ အနိုင်ရ ပါတီကို ပုခုံးလွှဲပြောင်း ပေးအပ်သွားမှာ ဖြစ်ပြီး မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ် နဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည် သာယာ ဝပြောရေးတို့ကို ဆက်လက်ဆောင်ရွက်ကာ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေးတွေကို မြှင့်တင်ကာကွယ်သွားမှာ ဖြစ်ကြောင်း ထပ်လောင်း ဖေါ်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *