War နိုင်ငံရေး ပြည်တွင်း

လေးကေကော်ကို စစ်တပ်က ဝင်စီးထား

အောက်တိုဘာ ၆ – ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့တော်ဘက်မှာ ရှိတဲ့ လေးကေကော်မြို့သစ်ကို စစ်တပ်က ဝင်စီးထားပြီ ဖြစ်ကြောင်း တပ်ထောက်ခံတဲ့ တယ်လီဂရမ် တချို့မှာ ဓါတ်ပုံတွေ ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း လေးကေကော် တမြို့လုံးကို စစ်တပ်က ဝင်ရောက် နိုင်တာ မဟုတ်ဘဲ တချို့နေရာလောက်သာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်၊

စစ်တပ်ဟာ အောင်ဇေယျ စစ်ဆင်ရေးနဲ့ အာရှလမ်းကြီး နဲ့ သင်္ဃန်းညီနောင် တပ်စခန်းတွေကိုပါ မကြာသေးခင် က ပြန်ထိန်းချုပ်ခဲ့ပြီး နောက် တခြားနေရာတွေကိုပါ တိုးချဲ့တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဓါတ်ပုံ – တယ်လီဂရမ်

Leave a Reply

Your email address will not be published. Required fields are marked *