အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ အရှေ့အလယ်ပိုင်း ဒေသကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
မစ္စတာ ထရမ့်ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နဲ့ ပတ်သက်တဲ့ အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေး ကို တက်ရောက်မှာ ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၂၀ ကျော် တက်ရောက်မယ့် ဒီထိပ်သီး အစည်းအဝေး မတက်ရောက်ခင် သူဟာ အစ္စရေးနိုင်ငံမှာ ဓားစာခံ မိသားစု တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို အစ္စရေး လွှတ်တော်မှာလည်း မိန့်ခွန်း ပြောကြား မှာ ဖြစ်ပါတယ်။
အစ္စရေးအစိုးရ ပြောခွင့်ရသူက ဂါဇာမှာ ဖမ်းဆီးထားတဲ့ အသက်ရှင်လျက် ရှိတဲ့ ဓားစာခံ ၂၀ ကို ဒေသစံတော်ချိန် တနင်္လာနေ့ မနက်အစောပိုင်း ကြက်ခြေနီ အဖွဲ့ထံ တပြိုင်တည်း လွှဲပြောင်းပေးမယ်လို့ မျှော်လင့်ရ ကြောင်းနဲ့ ပြန်လွတ်လာ တဲ့အခါ အစ္စရေးတောင်ပိုင်းရှိ Re’im စစ်အခြေစိုက် စခန်းမှာ မိသားစုတွေနဲ့ ပြန်လည် ဆုံဆည်းကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။
သမ္မတ ထရမ့်က သူတို့ကို “ကိုယ်တိုင်ကိုယ်ကျ” ကြိုဆိုဖို့ စီစဉ်ထား ကြောင်း ဒုသမ္မတ ဂျေဒီဗန့်စ် က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။