‘’တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးအတွက် တွေ့မယ်ဆိုရင်တော့… ကြိုဆိုတယ်…’’
‘’၂၀၂၅ အလွန်မှာတော့ အခင်းအကျင်း အသစ်တခုကို သေချာပေါက် တွေ့ရမယ်…’’
ကိုအောင်မှိုင်း (၇၆ မျိုးဆက် – နိုင်ငံရေး လေ့လာသုံးသပ်သူ)
အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ KNU ဥက္ကဌ ပဒိုကွယ်ထူးဝင်း နဲ့ KNPP ဥက္ကဌ ခူးဦးရယ်တို့နဲ့ အွန်လိုင်းကနေ သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှုတွေ မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။
နွေဦးတော်လှန်ရေး ၄ နှစ်ကျော်ကြာမှ အခုလို ပထမဆုံး တွေ့ဆုံမှုဟာ ဘာကြောင့်လဲ…
စစ်ကော်မရှင်ရဲ့ စစ်ရေးဖိအား အခက်အခဲကြောင့်လား..
ဒါမှမဟုတ် အခင်းအကျင်းအသစ်တွေ ဖန်တီးဖို့လား…
အန်ယူဂျီ ပြုပြင်ပြောင်းလဲရေး တွန်းအားပေးနေမှု နဲ့ ဆက်စပ်နေလား…
ခြေဥ ရေးဆွဲပြီး အသွင်ကူးပြောင်းရေး အစိုးရဖွဲ့ဖို့ အတွက်လား…
၂၀၂၅ အကုန် တော်လှန်ရေးအင်အားစုတွေ ဘက်မှာ ဘယ်လို အရွေ့နဲ့ ပုံစံသစ်ကို တွေ့မြင်လာရဖို့ ရှိမလဲ…
စသဖြင့် ဖြစ်လာနိုင်ခြေ အပြောင်းအလဲ နဲ့ ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ ၇၆ မျိုးဆက် ကိုအောင်မှိုင်းကို မေးမြန်း တင်ဆက်ထားပါတယ်။