ဧပြီ ၂၅ – ၂၀၂၅
အီရန်စစ်ပွဲ အဆုံးသတ်နိုင်ရေး အမေရိကန်နဲ့ ဆွေးနွေးဖို့ ပါကစ္စတန်ကို ရောက်နေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munir နဲ့ တွေ့ဆုံ အပြီး ကြေညာချက်တခု ထုတ်ပြန်ခဲ့ ပါတယ်။
အဲဒီကြေညာချက်ထဲမှာ အီရန်နဲ့ အမေရိကန်ကြား အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေတွေကို နှစ်ဖက် ဆွေးနွေးခဲ့ကြ တယ်လို့ ဖော်ပြထားပါတယ်။
အစ္စလာမ်မာဘတ်မြို့မှာ ပါကစ္စတန် စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံစဉ် အတွင်း စစ်ပွဲကို အဆုံးသတ်ရေးနဲ့ ပတ်သက်တဲ့ တီဟီရန်ရဲ့ သဘောထားနဲ့ စဉ်းစား ချက်တွေကို တင်ပြခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ပြောပါတယ်။
ပါကစ္စတန် အနေနဲ့ ကြားဝင်ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ အသင့်ရှိနေတယ်လို့ Asim Munir က ပြောကြားခဲ့ကြောင်းလည်း ကြေညာချက်မှာ ထပ်လောင်းဖော်ပြထားပါတယ်။
အမေရိကန်အထူးကိုယ်စားလှယ် Steve Witkoff နဲ့ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်သူ Jared Kushner တို့ဟာ အီရန်နဲ့ ဆွေးနွေးဖို့ စနေနေ့မှာ ပါကစ္စတန်ကို သွားရောက်မယ်လို့ အိမ်ဖြူတော်က မနေ့က ပြောကြားခဲ့ ပါတယ်။
—————————
THN Public Media
