နိုင်ငံတကာ နိုင်ငံရေး

အသက်ရှင်ကျန် အစ္စရေး ဓားစာခံ အားလုံး ပြန်လွတ်ပြီ

RAMAT GAN, ISRAEL – OCTOBER 13: Gaza hostage Ziv Berman celebrates from a helicopter as he arrives at Chaim Sheba Medical Center at Tel HaShomer on October 13, 2025 in Ramat Gan, Israel. The ceasefire deal between Israel and Hamas has brought an end to the two years of war that followed the attacks of Oct. 7, 2023. A condition of the deal was the immediate return of 48 hostages held in Gaza, around 20 of whom were believed to be alive. (Photo by Alexi J. Rosenfeld/Getty Images

အောက်တိုဘာ ၁၃ – ၂၀၂၅

ဟားမတ်စ်တို့ ဖမ်းဆီးထားခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူ နောက်ဆုံး ဓားစာခံ အယောက် ၂၀ ကို အစ္စရေးကို ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း အစ္စရေး စစ်တပ်က အတည်ပြုခဲ့ပါပြီ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုတွေ အတွင်း ဟားမတ်စ်တို့က ဓားစာခံတွေကို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဓားစာခံ ၂၈ ဦး ထဲက လေးဦး ရဲ့ ရုပ်အလောင်းတွေကိုသာ ဒီကနေ့ လွှဲပြောင်းပေမယ်လို့ သိရပြီး ဟားမတ်စ်ဘက်က ကျန် ရုပ်အလောင်းတွေကို ဆက်လက် လွှဲပြောင်း‌ပေးရမှာ ဖြစ်ပါတယ်။

ဓားစာခံများ လဲလှယ်မှုအဖြစ်၊ အစ္စရေးဘက်က ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ နီးပါး ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂါဇာ ငြိမ်းချမ်းရေး အဆိုပြုချက် အရ ပထမ အဆင့်မှာ အပစ်ရပ်စဲပြီး အစ္စရေးတပ်တွေ တဆင့်ပြန်ဆုတ်ကာ အခုလို ဓားစာခံတွေကို ဟားမတ်စ်တို့က ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

photo: getty

Leave a Reply

Your email address will not be published. Required fields are marked *