နိုင်ငံရေး ပြည်တွင်း

၁၅၁ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံ ကို CRPH ကိုယ်စားလှယ် အဖွဲ့ တက်ရောက်

အောက်တိုဘာ ၂၁ – ၂၀၂၅

ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့ မှာ အောက်တိုဘာ ၁၉ ကနေ ၂၃ ရက်နေ့ အထိ ကျင်းပ နေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံနဲ့ ဆက်စပ် အစည်းအဝေး တွေကို ဒေါက်တာဝင်းမြတ်အေး နဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ တက်ရောက် နေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဒီကနေ့ သတင်းထုတ်ပြန်ထားပါ တယ်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ သက်ဆိုင်ရာ ဖိုရမ်၊ အစည်းအဝေး နဲ့ ညီလာခံတွေကို တက်ရောက်ခဲ့သလို မလေးရှား၊ ထိုင်း၊ အီတလီ၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတေးလျနိုင်ငံတို့က လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တွေနဲ့လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဆွေးနွေးမှုတွေမှာ မြန်မာစစ်ကောင်စီရဲ့ တရားဝင်မှု မရှိတဲ့ အတု အယောင် ရွေးကောက်ပွဲနဲ့ ရလဒ်အပေါ် ကန့်ကွက်ပေးဖို့၊ မတရားဖမ်းဆီး ထိန်းသိမ်း ခံနေရသူတွေ လွတ်မြောက်ရေး၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ CRPH ကို ကမ္ဘာ့လွှတ်တော် အသိုက် အဝန်းက ဆက်လက် အသိ အမှတ် ပြုပေးဖို့ နဲ့ တော်လှန်ရေး အင်အားစု တွေရဲ့ လုပ်ငန်းစဥ်တွေ အပေါ် ပံ့ပိုးကူညီမှုပေးဖို့ တို့ကို အဓိကထား ဆွေးနွေး တိုက်တွန်းခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ် စွန့်ခွာ ဒုက္ခရင်ဆိုင် နေရတဲ့ ပြည်တွင်း စစ်ဘေးရှောင် ပြည်သူတွေနဲ့ တခြားနိုင်ငံတွေက ရွှေ့ပြောင်းမြန်မာပြည်သူတွေ အကြောင်း ရှင်းလင်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

IPU ကို ကမ္ဘာ့နိုင်ငံပေါင်း (၁၈၃) နိုင်ငံတို့က လွှတ်တော်တွေနဲ့ ဖွဲ့စည်း ထားပြီး IPU အမှုဆောင်ကောင်စီက CRPH ကို ဆွေးနွေးဖက် အဖြစ် အသိအမှတ် ထားတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *