အောက်တိုဘာ ၂၈ – ၂၀၂၅
အခုနှစ်ရဲ့ ကမ္ဘာ့အပြင်းထန်ဆုံး ဟာရီကိန်း မုန်တိုင်း မဲလီဆာ ဟာ ဂျမေကာ နိုင်ငံသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီး မုန်တိုင်းဟာ အကြီးအကျယ် ပျက်စီးစေနိုင်ပြီး အသက်အန္တရာယ် ဖြစ်စေမယ့် အခြေအနေတွေ ဖြစ်ပေါ် လာနိုင်ကြောင်း သတိပေးထားပါတယ်။
ဂျမေကာနိုင်ငံသား အများအပြားကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ပေမယ့် မုန်တိုင်း မဲလီဆာ ဟာ ဖြည်းဖြည်းချင်း ချဉ်းကပ်လာမှုကြောင့် စိုးရိမ် ပူပန်မှုတွေ ရက်အနည်းငယ် ကြုံတွေ့ နေကြရပါတယ်။

လေအရှိန်ကြောင်း သစ်ပင်လဲကျလို့ သေဆုံးသူနဲ့ သစ်ပင်ခုတ်ရာကနေ သေဆုံးသူ အပါအဝင် လူ ၃ ဦး သေဆုံးခဲ့ပြီး လို အာဏာပိုင်တွေက ပြောပါတယ်။
မုန်တိုင်းဟာ ဂျမေကာ ကျွန်းကို ရောက်တဲ့အခါ ပြင်းအား အဆင့် ၅ မှာ ဆက်လက် တည်ရှိနေနိုင်ကြောင်း မိုးလေဝသ ခန့်မှန်းသူတွက ပြောပါတယ်။
ဘယ်အချိန် ကုန်းတွင်းသို့ ဝင်ရောက်မယ်ဆိုတာကို တိတိကျကျ မသိရသေး ပေမယ့် “ဆန်းကြယ်တဲ့ အသံကြီး မြည်ဟည်းနေတယ်… တခုခု ရောက်လာတော့မလိုပဲ” လို့ အဲဒီမှာ ရောက်နေတဲ့ ဗြိတိန် အမျိုးသမီးတဦးက ပြောပါတယ်။
ဂျမေကာ အမျိုးသား တဦးကလည်း “လေတွေက အရမ်းပြင်းလွန်းလို့ မတ်တပ်တောင် ရပ်နိုင်မှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။
မိုးလေဝသပညာရှင်တွေရဲ့ အဆိုအရ အဆိုအရ မုန်တိုင်းဟာ လေတိုက်နှုန်း တနာရီလျှင် ၁၇၅ မိုင် နဲ့ ဝင်ရောက်မှာ ဖြစ်ပြီး ဒါဟာ ဂျမေကာ ကို ဝင်ရောက်ဖူး သမျှထဲမှာ အပြင်းထန်ဆုံး ဟာရီကိန်း ဖြစ်လာနိုင်တယ်လို့ ယုံကြည်ရပါတယ်။

photo: getty
—————————
THN Public Media
