နိုင်ငံတကာ သတင်း

အမေရိကန် အစိုးရ ဘတ်ဂျက် အတည်မပြုနိုင်သေးလို့ ရန်ကုန်က အမေရိကန် သံရုံး ဖေ့စ်ဘွတ်မှာ ပို့စ်တင်တာ ခေတ္တရပ်နားမယ်

အောက်တိုဘာ ၁ – ၂၀၂၅

အမေရိကန်အစိုးရ ဘတ်ဂျက်ကို လွှတ်တော်မှာ အတည်မပြုနိုင်သေးတဲ့ အတွက် ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘွတ်မှာ အကြောင်း အရာ အသစ်တွေ တင်တော့မှာ မဟုတ်ကြောင်း သံရုံးက ထုတ်ပြန်ထား ပါတယ်။

ဒါပေမယ့်လို့ ဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ် သတင်း အချက် အလက်တွေကိုတော့ ထုတ်ပြန်မှာ ဖြစ်ကြောင်း ဖေါ်ပြထား ပါတယ်။
အခုအချိန်မှာ အမေရိကန်သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေမှာ ရက်ချိန်း ယူထားတဲ့ နိုင်ငံကူးလက်မှတ် (passport) နဲ့ ဗီဇာ (visa) ဝန်ဆောင်မှုတွေ ကိုတော့ အခြေအနေခွင့်ပြုချက်အရ ဆက်လက် ဆောင်ရွက် ပေးသွား မယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *