မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ က ရဲဘော်ချမ်းငြိမ်းအောင် အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်၊ ချောင်းဦးမှာ ဗုံးကြဲလို လူ ၂၀ ကျော် သေဆုံး
အောက်တိုဘာ ၇ – ၂၀၂၅
ရဲဘော်ချမ်းငြိမ်းအောင် ဟာ မနေ့ အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီ လောက်မှာ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို လူထုလှုပ်ရှားမှု လမ်းစဥ်နဲ့ တိုက်ပွဲဝင်းရင်း ကျဆုံးသွားတဲ့ အတွက် မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကနေ ဒီကနေ့ အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။မနေ့ညက ချောင်းဦးမြို့နယ်မှာ ဆီးမီးသပိတ် ပြုလုပ်နေချိန် စစ်တပ်က လေထီးတပ် ပါရာမိုတာ ပေါ်ကနေ ဗုံးကြဲခဲ့တဲ့အတွက် လူပေါင်း ၂၀ ကျော် လူပေါင်း လူ ၂၀ ကျော် သေဆုံးပြီး ၄၀ ခန့်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြထား ပါတယ်။လူပေါင်း ၃၀၀ လောက် စုဝေးပြုလုပ်နေချိန်မှာ အပေါ်ကနေ ၁၂၀ ဗုံးသီး နှစ်လုံး ကြဲချရာ လူအုပ်ထဲ ကျတာ ဖြစ်လို့ ထိခိုက်သေဆုံးမှု များပြားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။