နိုင်ငံရေး သတင်း

နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ထားဝယ်အကျဉ်းထောင်မှာ ကွယ်လွန်

နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ထားဝယ်အကျဉ်းထောင်မှာ ကွယ်လွန်

အောက်တိုဘာ ၈ – ၂၀၂၅

တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ၅၀၅-က/ ပေါက်ကွဲ-၅ အမှုတို့နဲ့ ထောင်ဒဏ် (၈)နှစ် အကျဉ်းချ ခံထားရတဲ့ အသက် (၄၈) နှစ် အရွယ် နိုင်ငံရေး အကျဉ်းသား ကိုအောင်ကိုဦးဟာ အောက်တိုဘာ ၄ ရက်နေ့က နှလုံး ဆီးချို ကျောက်ကပ်ရောဂါ နဲ့ ထောင်ထဲမှာ အသက် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM) က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကိုအောင်ကိုဦးဟာ ၂၀၂၁ အစောပိုင်းကာလမှာ စစ်တပ် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့ ပြီးနောက် ၂၀၂၁ မေလ (၁၄) ရက်နေ့မှာ ရှင်မုတ္ထီးရွာ နေအိမ်မှာ ရဲ က ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ က နဲ့ ပေါက်ကွဲ ၅ တို့နဲ့ အမှုဖွင့်ပြီး ထားဝယ်အကျဉ်းထောင်ကို ပို့ဆောင် ခံခဲ့ရတာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

နဂိုမူလ ရောဂါ အခံကြောင့် ထားဝယ် အကျဉ်းထောင်မှာ အကျဉ်းချ ခံရစဉ် ကတည်းက ဆေးဝါးကုသမှုကို မကြာခဏ ကုသမှုခံနေရသူ ဖြစ်ပြီး ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း တို့ကြောင့် သေဆုံးခဲ့ရတာလို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *