War

ဂါဇာငြိမ်းချမ်းရေး ပထမအဆင့် သဘောတူညီမှု နေတန်ယာဟု သဘောထားထုတ်ပြန်

အောက်တိုဘာ ၉ – ၂၀၂၅

ဂါဇာမှာ အပစ်ရပ်စဲဖို့ ပထမ အဆင့် ငြိမ်းချမ်းရေး အစီအစဥ်ကို နှစ်ဘက် သဘောတူညီ နိုင်ခဲ့တဲ့ အပေါ် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက သူ့ရဲ့ သဘောထားကို X မှာ ထုတ်ပြန် လိုက်ပါတယ်။

“အစီအစဉ်ရဲ့ ပထမအဆင့်ကို အတည်ပြုလိုက်တာနဲ့အမျှ ကျွန်တော်တို့ရဲ့ ဓားစာခံ အားလုံးကို အိမ်ပြန်ခေါ်ဆောင် နိုင်ပါလိမ့်မယ်။

ဒါဟာ သံတမန်ရေးရာ အောင်မြင်မှုတစခုဖြစ်သလို၊ အစ္စရေးနိုင်ငံ အတွက် အမျိုးသားရေးနဲ့ စိတ်ဓါတ်ရေးရာ အောင်ပွဲတခုလည်း ဖြစ်ပါတယ်။

ပထမကတည်းက ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်- ကျွန်တော်တို့ရဲ့ ဓားစာခံအားလုံး ပြန်မရောက်မချင်းနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အားလုံး မအောင်မြင်မချင်း ကျွန်တော်တို့ နားမှာ မဟုတ်ပါဘူး။

ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှု၊ အင်အားကြီးတဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ မိတ်ဆွေနဲ့ မဟာမိတ်ဖြစ်သူ သမ္မတ ထရမ့် ရဲ့ ကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုတွေ ကနေ ကျွန်တော်တို့ဟာ အခုလို အင်မတင်မှ အရေးကြီးတဲ့ အလှည့်အပြောင်းကို ရောက်ရှိလာခဲ့တာပါ။

သမ္မတ ထရမ့်ကို သူရဲ့ ခေါင်းဆောင်မှု၊ မိတ်ဖက်ဖြစ်မှု နဲ့ အစ္စရေး ဘေးကင်းလုံခြုံရေး၊ ကျွန်တော်တို့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် မယိမ်းယိုင်တဲ့ ကတိကဝတ် ပြုမှု အတွက် ကျေးဇူးတင်ရှိပါတယ်။

ဘုရားသခင် အစ္စရေးကို ကောင်းချီးပေးပါစေ။

ဘုရားသခင် အမေရိကကို ကောင်းချီးပေးပါစေ။

ကျွန်တော်တို့ရဲ့ ကြီးမြတ်တဲ့ မဟာမိတ်အဖွဲ့ကို ကောင်းချီးပေးပါစေ။”

Leave a Reply

Your email address will not be published. Required fields are marked *