War နိုင်ငံရေး

AA ထိန်းချုပ်ဒေသချို့ကို စစ်တပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ အတွက် စစ်ရေးသတိရှိကြဖို့ AA ထုတ်ပြန်

အောက်တိုဘာ ၁၂ – ၂၀၂၅

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေဒေသ တချို့ကို စစ်တပ် က ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ဖို့ ပြင်ဆင်နေပြီး၊ စစ်သင်္ဘောတွေနဲ့ ပင်လယ်ပြင်ကနေ ရမ်းသန်းပစ်ခတ်နေတဲ့ အတွက် စစ်ရေး သတိ ရှိကြဖို့ကို AA က အောက်တိုဘာ ၁၀ ရက်နေ့က သတင်း ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း) နဲ့ ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြိုနယ်အတွင်း) တို့မှာလည်း စစ်တပ်ရဲ့ ထိုးစစ်ကို တန်ပြန်ထိုးစစ် ဆင်နေတာကြောင့် နေ့တိုင်းနီးပါး တိုက်ပွား ဖြစ်ပွားနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

နှစ်ဘက်စလုံး အတွက် စစ်ရေးအချက်အချာကျတဲ့ နေရာ (၅) ခုမှာ အပြန် အလှန် ထိုးစစ်တွေနဲ့ အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက် နေခဲ့ကြရာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီလို့ ဆိုပါတယ်။

ပင်လယ်ပြင်မှာ ငါးဖမ်းနေကြတဲ့ အရပ်သားတွေကိုလည်း စစ်တပ်က ဖမ်းဆီးသလို၊ လူနေထူထပ်တဲ့ နေရာတွေကို ရေကြောင်းလေကြောင်း တို့ကနေ တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

သံတွဲ နဲ့ ဂွမြို့နယ်တွေကိုလည်း လေကြောင်း ရေကြောင်း ကနေ ရမ်းသမ်း ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် ပင်လယ်ကမ်းနီး မြို့ရွာတွေက မိဘပြည်သူတွေ အနေနဲ့ စစ်တပ်ရဲ့ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို အထူး သတိထား ကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ အသိပေး ဖေါ်ပြထား ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *