နိုင်ငံတကာ

အစ္စရေး ဓားစာခံတွေကို တနင်္လာနေ့ မနက်ပိုင်း အကုန် ပြန်လွှတ်ဖို့ရှိ၊ ထရမ့်က အရှေ့အလယ်ပိုင်း ခရီးစဉ် အတွက် ပြင်ဆင်

အောက်တိုဘာ ၁၂ – ၂၀၂၅

ဟားမတ်စ် ကနေ အသက်ရှင်လျက်ရှိတဲ့ အစ္စရေး ဓားစာခံ ၂၀ စလုံးကို တနင်္လာနေ့ မနက်ပိုင်းမှာ တပေါင်းတည်း ပြန်လွှတ်ပေးမယ်လို့ အစ္စရေး တို့က မျှော်လင့်ထားကြပါတယ်။

သေဆုံးသွားတဲ့ ဓားစာခံ ရုပ်အလောင်းတွေကိုတော့ ခေါင်းတလား တွေနဲ့ သယ်ဆောင်ကာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ စစ်ဆေး အတည်ပြု နိုင်ဖို့ မှုခင်းဆေးပညာဆိုင်ရာ အင်စတီကျူးရှင်းကို ပို့ဆောင်မယ်လို့ အစ္စရေး အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

သောကြာနေ့က စတင် အသက်ဝင်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အရ၊ ဟားမတ်စ် တို့က မနက်ဖြန် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား ပြီး အစ္စရေး ဓားစာခံအားလုံးကို ပြန်လည် လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့် အစ္စရေးတို့ကနေ ပါလက်စတိုင်း အကျဉ်းသား ၂၅၀ နဲ့ ဂါဇာမှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၇၀၀ ဦး (ကလေးငယ် ၂၀ ခန့် အပါအဝင်) ကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။

တခြားတဖက်မှာတော့ ဒါဇင်နဲ့ချီတဲ့ အကူအညီပေးရေး ထရပ်ကား တွေဟာ ဂါဇာထဲကို ဝင်ရောက်နေကြပြီ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်လ် ထရမ့် ကတော့ တနင်္လာနေ့ အီဂျစ်မှာ ကျင်းပမယ့် နိုင်ငံတကာ ငြိမ်းချမ်းရေး ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ ပြင်ဆင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *