တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း က စစ်ကော်မရှင် ဥက္ကဌကို ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ NCA ၁၀ နှစ်ပြည့် အခမ်းအနား အကြောင်း ဒီဇင်ဘာ ရွေးကောက်ပွဲ အကြောင်းတို့ကို စစ်ကော်မရှင် ဥက္ကဌ က ရှင်းလင်း ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံအပြီး မစ္စတာ တိန့်ရှီကျွင်း ကို ရွေးကောက်ပွဲ မဲထည့်စက်ကို လိုက်လံ ပြသခဲ့ပြီး မဲပေးပုံ ရှင်းပြခဲ့တယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။