အင်တာဗျူး

NCA လမ်းကြောင်းပေါ်က ဦးမျိုးဝင်း (သို့) NCA အစကတည်းက ပါဝင်ခဲ့သူ – သီးသန့်မေးမြန်းခန်း

‘’ဗမာပြည်လက်နက်ကိုင် တော်လှန်ရေးမှာ… ဟန်ချက်ညီ အထွေထွေ ထိုးစစ် ဆိုတာ… ကြိုးပမ်းကြည့်ပါ… မလွယ်ပါဘူး…’’ ဦးမျိုးဝင်း – NCA အစကတည်းက ပါဝင်ခဲ့သူ (7 EAO Coordinator

———————-

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ၁၀ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး၊ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်တပ်က NCA အတိုင်း EAO တွေနဲ့ စေ့စပ်ညှိနှိုင်း ဆက်သွားဖို့ ကြိုးပမ်းနေပါတယ်။

ဒါပေမယ့်လည်း EAO တချို့ကတော့ စစ်တပ် အာဏာသိမ်း ကတည်းက NCA ပျက်သွားပြီ ဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေး အတွက် စစ်တပ် နိုင်ငံရေးက စွန့်ခွာ ရမယ်လို့ နွေဦးတော်လှန်ရေး အင်အားစုတွေ နဲ့ တူ သဘောထားကို အခိုင်အမာ ထုတ်ပြန်ထားပါတယ်။

NCA စတင်ကတည်းက ပါဝင်ခဲ့ပြီး လက်မှတ်ထိုးခဲ့သူ (ABSDF ဒုက္ကဌ ဟောင်း) ဦးမျိုးဝင်း ဟာ အခုအချိန်အထိ NCA လမ်းကြောင်း အပေါ်မှာ တစိုက်မတ်မတ် ကိုင်စွဲထားပြီး 7 EAO Coordinator အဖြစ် စစ်တပ် နဲ့ ဆက်လက် ညှိနှိုင်း ဆောင်ရွက်နေပါတယ်။

သူ ဘာကြောင့် ဒီလမ်းကြောင်းကို အခိုင်အမာ ကိုင်စွဲထားတာလဲ… သူ့ရဲ့ မြန်မာ့ ငြိမ်းချမ်းရေး ယုံကြည်ချက်ကဘာလဲ… NCA နဲ့ တကယ်ပဲ ရှေ့ဆက်သွားနိုင်မလား… စစ်တပ်နိုင်ငံရေးက စွန့်နိုင်ဖို့ တကယ်ဖြစ်နိုင် မလား… ဆိုတာ ကိုမျိုးဝင်းကို သီးသန့် မေးမြန်း တင်ဆက်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *