နိုင်ငံတကာ

အင်္ဂလန်မှာ ရထားပေါ် ဓါးထိုးတိုက်ခိုက်လို့ လူ ၁၀ ဦး ဆေးရုံတင်ထားရ၊ ၉ ဦး အသက်အန္တရာယ် စိုးရိမ်ရ

Police officers and members of the Emergency services search the track beneath an LNER Azuma train at Huntingdon Station in Huntingdon, eastern England, on November 1, 2025, following a stabbing on a train. UK police said they had arrested two suspects Saturday as “a number of people” were taken to hospital after a stabbing on a train in Cambridgeshire, eastern England. “We are currently responding to an incident on a train to Huntingdon where multiple people have been stabbed,” British Transport Police sai

နိုဝင်ဘာ ၂ – ၂၀၂၅

အင်္ဂလန် က ကိန်းဘရစ်ချ်ရှိုင်းယားမှာ သွားနေတဲ့ ရထားတစီးပေါ် မနေ့ညက ဓားထိုးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၀ ဦး ဆေးရုံ တင်ထားရကာ၊ ၉ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဓါးထိုး တိုက်ခိုက်မှု နဲ့ ဆက်စပ်ပြီး လူ နှစ်ဦးကို ဖမ်းဆီးထားကြောင်း ကိန်းဘရစ်ချ်ရှိုင်းယား ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

ရဲတပ်ဖွဲ့က ဒီတိုက်ခိုက်မှုကို ဖြစ်ရပ်အကြီး အဖြစ် ကြေညာခဲ့ပြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိတွေက စုံစမ်းစစ်ဆေးမှုကို ပံ့ပိုး ပေးသွားမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ခရီးသည်တွေလိုက်ပါလာတဲ့ ရထားဟာ ဒွန်ကာစတာ ကန်နေ လန်ဒန် London King’s Cross ကို သွားနေတဲ့ ညနေ ၆:၂၅ နာရီ အချိန် ရထားပေါ်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

လူတဦး လက်မောင်းမှာ သွေးထွက်နေပြီး ရထားတွဲ အတွင်း ပြေးလာ ကာ “သူတို့မှာ ဓားရှိတယ်၊ ပြေးကြ” လို့ အော်ဟစ်နေတာကို တွေ့ရကြောင်း မျက်မြင် သက်သေ တဦးက ရှင်းပြပါတယ်။

အဲဒီနောက် လူတဦး မြေပြင်ပေါ် လဲကျသွားတာ မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ကီယာ စတာမာ က ဒီ “ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်” ဟာ “အလွန်အမင်း စိုးရိမ်စရာ” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒေသ အာဏာပိုင်တွေရဲ့ အကြံဉာဏ်ကို လိုက်နာကြိဖို့ ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *