ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ ဘဝမြင့်ရပ်ကွက် ၊ ရတနာ လမ်းမဘက် အခြမ်း ၊ဗဟိုလမ်းမပေါ်ရှိ သစ်ပင်မှာ အမျိုးသား တယောက် မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရ ပါတယ်။
ကြိုးဆွဲချ သေဆုံးမှုဖြစ်စဥ်က ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့မနက် အစောပိုင်း ၂ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ အမျိုးသားမှာ အသက် ၃၀ ဝန်းကျင်အရွယ် ဖြစ်တယ်လို့ သိရပါတယ် ။
” မလိခအိမ်ရာဘက် အခြမ်းဖြစ်တာပါ။ ဗာဒံပင်မှာ ကြိုးချည်ပြီး ကြိုးဆွဲချ သေဆုံးနေတာ တွေ့ရတာပဲ။ ဘယ်လိုကြောင့် ခုလိုလုပ်တာလဲတော့ သေချာ မသိဘူး ။ သေပြီးမှပဲသိကြတာ။ အလောင်းကို လူမှုရေး အသင်းက လာသယ် သွားတယ်။ ရဲတွေလည်း ပါတယ်။ ” လို့ ဖြစ်စဥ်သိသူ ဒေသခံတယောက်ကပြောပါတယ်။
အဆိုပါ သေဆုံးသူ အမျိုးသားအလောင်းကို စံပြဆေးရုံကြီး ရင်ခွဲရုံ ကို ပို့ဆောင်ထားကြောင်း ၊ သေဆုံးရဲ့ မိသားစုဝင်တွေနဲ့တော့ အဆက်အသွယ် မရရှိသေးဘူးလို့ သိရပါတယ် ။
မိမိကိုယ်ကို အဆုံးစီရင်ပြီး သတ်သေတဲ့ လုပ်ရပ်မျိုးဟာ မလုပ်သင့်တဲ့ ကိစ္စဖြစ်တာကြောင့် ဘာအတွက်ကြောင့်မှ စိတ်ထွက်ပေါက် အဖြစ်ပင် မတွေးသင့်တဲ့ ကိစ္စရပ်ဖြစ်တဲ့ အတွက် အတုယူမမှားကြဖို့ အလွန် အရေးကြီး ကြောင်းကို ပြည်သူတွေ အပါအဝင် စိတ်ကျန်းမာရေး ဆရာဝန် ၊ လူမှုကူညီရေး အသင်း အားလုံးက အကြံပြု ပြောဆိုထားပါတယ်။
ဓာတ်ပုံ – ဦးလရောင်နေ
Crd – VOM
