အဆိုတော် သရုပ်ဆောင်ယုန်လေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ မြို့ပြထဲက လမ်းမ’’ ရုပ်ရှင်ကို မနေ့ နိုဝင်ဘာ ၂၈ ရက်နေ့က ရုံတင်ခဲ့ပေမယ့် ကြည့်မယ့်သူ မရှိတာကြောင့် ရုံပိတ်ခဲ့ရကြောင်း ယုန်လေးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးခဲ့ပါတယ်။
‘’မုန်းတဲ့ သူတွေ တိုက်ခိုက်တဲ့ သူတွေ နိုင်ပါတယ်။’’ လို့ လည်းရေးထားပြီး အခုလို အခြေအနေတွေကြောင့် သူ့အနေနဲ့ အနုပညာလောက ကနေ အနားယူဖို့ များသွားပါပြီ။’’လို့လည်း ဆိုပါတယ်။
ဒီဇာတ်ကား အများကြီး ကြိုးစားထားကြောင်း၊ သိန်း ၆၀၀၀ ကျော် အကုန်ကျခံ ရိုက်ကူးထားကြောင်းနဲ့ အချိန် ၁နှစ်ခွဲကြာ အကောင်းဆုံး ကြိုးစား ရိုက်ကူးထားကြောင်းလည်း ရေးထားပါတယ်။
အခုတော့ ယုန်လေးက သူတင်ထားတဲ့ ပို့စ်ကို ပြန်ဖျက်ချသွားတာကို တွေ့ရပါတယ်။
အဆိုတော် သရုပ်ဆောင် ယုန်လေးဟာ စစ်တပ်ကို ထောက်ခံသူ ဆိုပြီး စစ်တပ်ဆန့်ကျင်သူတွေက သူ့ရဲ့ အနုပညာတွေကို Boycott (BC) လုပ်နေကြတာ ဖြစ်ပါတယ်။
–
ယုန်လေး ပြန်ဖျက်သွားတဲ့ ပို့စ်
——–
မုန်းတဲ့ သူတွေ တိုက်ခိုက်တဲ့ သူတွေ နိုင်ပါတယ်။
အနုပညာလောက က အနားယူဖို့များသွားပါပြီ။
အခုတင်တဲ့ မြို့ပြထဲက လမ်းမ ဆိုတဲ့
ဇာတ်ကား အများကြီး ကြိုးစားထားပါတယ် ။
သိန်း 6000 ကျော်ကုန်ပါတယ် ။
ပြင်ဆင်လိုက်ရိုက်ကူးအချိန်1နှစ်ခွဲကြာပါတယ်။
ဒီနေ့ စတင်တယ် ။ ကြည့်ပြီးတဲ့ သူတွေတော့
Quality သိပါတယ် ။ ဒီနှစ်တစ်နှစ်လုံး မှာ ဝင်ငွေ အနည်းဆုံးဇာတ်ကား အဖြစ်စံချိန်ဝင်သွားပါပြီ။
ရုံမှာ လူတစ်ယောက်မှ မရှိလို့ ပိတ်ရပါတယ် ။
နံပတ်1 အချက် ဘေးမှာ အကြံပေးမယ့်လူကောင်း
ဝိုင်းလုပ်ပေးမယ့် မိသားစု စိတ်ရှိတဲ့ လူကောင်းမရှိဘူး။
အနုပညာရှင် တစ်ချိူ့ပါ. . အဲ့စကားကြီး တွေလည်း မရေးချင်ဘူး။ အကူညီသူတောင်းတာ ဘဝ ပျက်မယ့် အကူညီတွေ ဝင်ရင်းပေးလိုက်ရတာ ။
တစ်ယောက်ထဲ မဟုတ်ဘူး လူပေါင်းရာကျော်တယ် ။
Acc အတုက ကောမန့် တစ်ခု အဆဲခံရဖို့တောင်
သူတို့အဆဲမခံချင်ကျဘူး ယုန်လေး နဲ့
မပက်သက်ပါဘူး ။ကင်းပါတယ်ပေါ့ ။
ထားပါတော့. ဝန်းရံပေးခဲတဲ့ သူတစ်ယောက်ချင်းစီတိုင်းကို အမြဲ အမှတ်တရ ရှိနေမှာပါ ။
တစ်သက်လုံး မသေမချင်း အနုပညာပဲ လုပ်ချင်ခဲ့တာ။
အဲ့ရည်ရွယ်ချက်က မြန်မြန်ပျက်စီးသွားမယ်လို့
မထင်ခဲ့ဘူး ။ ဘယ်ဘဝ ရောက်ရောက်
ကျွန်တော့်ဘေးမှာ ရှိတဲ့ အနုပညာသမားကတော့
မြင့်မြတ်. ထူးခြား. ကိုအယ်ကြီး ပဲ
Ice Cold ကတော့ Wifi ချိတ်မိတဲ့ အချိန်တွေတော့
ပေါ်ပေါ်လာတယ် ။ အားလုံးကို နူတ်ဆက်ပါတယ်
——————-
THN Public Media

