War

ထိုင်းက F-16 တိုက်လေယာဉ်တွေနဲ့ ကမ္ဘောဒီးယား BM-21 ဒုံးကျည် သိုလှောင်ရုံကို တိုက်ခိုက် ဖျက်ဆီး

ဒီဇင်ဘာ ၉ – ၂၀၂၅

ထိုင်းနိုင်ငံက F-16 တိုက်လေယာဉ်တွေနဲ့ ကမ္ဘောဒီးယား နိုင်ငံ Oddar Meanchey ရှိတဲ့ BM-21 ဒုံးကျည် သိုလှောင်ရုံကို ဒီကနေ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန် ခဲ့ပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် တိုက်ပွဲတွေ ပြန်ပြင်းထန်လာ ချိန်မှာ ထိုင်း ဒုတိယ စစ်တပ်နယ်မြေ ထိုင်းတော်ဝင် လေတပ်ရဲ့ F-16 တိုက်လေယာဉ် တွေကို Oddar Meanchey ခရိုင်ရှိ ကမ္ဘောဒီးယား BM-21 ဒုံးကျည် သိုလှောင်ရုံ တခုကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေတဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

GBU-12 Paveway II လေဆာလမ်းညွှန် ဗုံးများ အသုံးပြု တိုက်ခိုက်မှုကြောင့် ကမ္ဘောဒီးယားတပ်ဖွဲ့ပိုင် ခဲယမ်းမီးကျောက်တွေနဲ့ ဒုံးကျည် သိုလှောင်မှုတွေ ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ref: The Nation

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *