နိုင်ငံရေး

အမေရိကန် ဒဏ်ခတ်မှုထဲပါတဲ့ DKBA ဗိုလ်ချုပ်ကြီး စောစတီး ကို အနားပေး

ဒီဇင်ဘာ ၂၆ – ၂၀၂၅

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာ ပါဝင်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး ကို ရာထူးက အနားပေးလိုက်ပြီး သူ့နေရာကို ဒုစစ်ဦးစီးချုပ် စောရွှေဝ ကို အစားထိုး ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး စောစတီး ကို ဦးဆောင် နာယက အနေနဲ့ တာဝန်ပေးလိုက်ပါတယ်။

(၁၉) ကြိမ်မြောက် DKBA တပ်မှူးစုံညီ အစည်းအဝေး ကနေ အခုလို သဘောတူ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုထဲပါတဲ့ နောက်တဦး ဖြစ်တဲ့ အမှတ် ၁ စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှ ကိုတော့ ဗိုလ်ချုပ်အဆင့်နဲ့ ဗဟိုစီးပွားရေးကော်မတီ ဥက္ကဌ အဖြစ် တာဝန်ပေးလိုက် တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် တခြား ရာထူးအပြောင်းအလဲနဲ့ အစားထိုး ခန့်အပ်မှုတွေကိုလည်း နှစ်ကုန် တပ်မှူး အစည်းအဝေး ကနေ ဆုံးဖြတ်ခဲ့ပါတယ်။

DKBA ဟာ မြဝတီဒေသက အွန်လိုင်း လိမ်လည်မှု ကျားဖျန့် စင်တာ တွေကို ကူညီပံ့ပိုး ပေးနေတယ် ဆိုပြီး အမေရိကန်က DKBA ခေါင်းဆောင်ပိုင်းတွေ ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ ဗိုလ်ချုပ် စောဆန်းအောင်၊ စစ်ရေးချုပ် စောစိန်ဝင်း နဲ့ ဗိုလ်မှူးချုပ် စိုင်းကျော်လှ တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *