မကြာခင်ကူးပြောင်းတော့မယ့် ၂၀၂၆ ခရစ်နှစ် နှစ်သစ်အတွက် မန္တလေးမှာ အဆိုတော် နဲ့ သရုပ်ဆောင်တချို့ပါဝင်တဲ့ နှစ်သစ်ကူးကြိုဆိုပွဲကျင်းပနေပါတယ်။
ကျုံးအရှေ့တောင်ထောင့်၊ ၂၆လမ်းနဲ့ ၆၆ လမ်းထောင့်မှာ ကျင်းပနေတဲ့ ဒီပွဲကို
သားစိုး၊
ရွှေသက်၊
ဖိုးသောကြာ၊
ရဲထွဋ်ကျော်၊
ပိုင်သစ်၊
ဇော်ကို၊
မယ်လိုဒီ၊
ဂျူဝယ်၊
ချယ်ရီသင်း၊
မေလသံစဥ်၊
ချစ်ဇွဲသာ တို့အပြင် DJ Dancer အဖွဲ့တွေ ပါဝင် ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
၂၀၂၅ ကနေ ၂၀၂၆ နှစ်သစ်ကူးပြောင်းချိန် ည ၁၂ နာရီမထိုးခင် စက္ကန့်ပိုင်းအလို Countdown ကို အတူတူ ရေတွက်ကာ နှစ်သစ်ကူးချိန် မီးရှူးမီးပန်းတွေ ပစ်ဖေါက်ပြီး နှစ်သစ်ကို ကြိုဆိုကြမှာ ဖြစ်ကြောင်း သိရပါတယ်။
—————————
THN Public Media
