နိုင်ငံတကာ

ဗင်နီဇွဲလားကို အမေရိကန်တိုက်ခိုက်မှု

ဘာတွေသိထားရလဲ နှင့် မသိသေးတဲ့အချက်များ

ဇန်နဝါရီ ၃ – ၂၀၂၆

သိထားချက်များ

——————

ဗင်နီဇွဲလားအပေါ် အမေရိကန်က “ကြီးမားတဲ့ တိုက်ခိုက်မှု” စတင် ခဲ့ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ ဇနီးတို့ကို ဖမ်းဆီးပြီး နိုင်ငံအပြင်ကို ခေါ်ဆောင်သွားပြီ

အမေရိကန်စစ်တပ်ရဲ့ Delta Force ကနေ မာဒူရို ဖမ်းဆီးဖို့ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ကြောင်း အရာရှိတွေပြော

ဗင်နီဇွဲလားနိုင်ငံက နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာထားပြီး “စစ်ရေးကျူးကျော်မှု” ကို ငြင်းပယ် ရှုတ်ချကြောင်း ပြောကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဗင်နီဇွဲလား အပေါ် နောက်ထပ် အရေးယူမှုတွေ မလုပ်တော့ဘူးလို့ မျှော်လင့်ထားကြောင်း ပြော

အေးစစ်ခေတ် ပြီးကတည်းက အမေရိကတိုက်မှာ အကြီးမားဆုံးသော အမေရိကန်စစ်ရေး တည်ဆောက်မှုဖြစ်ပြီး ရက်သတ္တပတ်များစွာ တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်

မသိရသေးတဲ့အချက်များ

—————–

သမ္မတ မာဒူရိုနဲ့ ဇနီးတို့ ဘယ်မှာ ရှိနေလဲ

တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရမှု အခြေအနေ

တိုက်ခိုက်မှုတွေကြောင့် ဗင်နီဇွဲလားနိုင်ငံ ဘယ်လောက်အထိ ထိခိုက် ပျက်စီးဆုံးရှုံးခဲ့လဲ

ဘယ်နေရာတွေကို ဘယ်လောက်အထိ တိုက်ခိုက်ခဲ့တာလဲ

ထရမ့် ဘာကြောင့် အခုလို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *