ဗင်နီဇွဲလားနိုင်ငံ ဒုသမ္မတ Delcy Rodríguez က ဒီကနေ့ မနက် ဒေသစံတော်ချိန် ၀၈:၀၀ နာရီ မြို့တော် ကာရာကက်စ်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။
Rodríguez ဟာ စနေနေ့က သမ္မတ နီကိုလက်စ် မာဒူရိုနဲ့ ဇနီးကို အမေရိကန် စစ်တပ်က ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် စစ်တပ်က သမ္မတ မာဒူရို ကို ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ပြန်ပေးဆွဲမှု တခုအဖြစ် Rodríguez က ရှုတ်ချခဲ့ပြီး ဗင်နီဇွဲလားဟာ အမေရိကန် ရဲ့ ကိုလိုနီတခု ဖြစ်လာမှာ မဟုတ်ကြောင်း အလေးပေး ပြောကြားထားပါတယ်။
ဒုသမ္မတ Rodríguez ဟာ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်တွေရှိတဲ့ ဗင်နီဇွဲလားနိုင်ငံ ရေနံဝန်ကြီးလည်း ဖြစ်ပါတယ်။
သူမဟာ တောင်အမေရိကနိုင်ငံတွေ ရဲ့ တရားစီရင်ရေးနဲ့ နိုင်ငံရေး အဖွဲ့ အစည်း အားလုံးအပြင် ဗင်နီဇွဲလားစစ်တပ်ရဲ့ ထောက်ခံမှုကို ပါ ရရှိပြီး ဖြစ်ပါတယ်။
သမ္မတ မာဒူရို ကို ဖမ်းဆီးခဲ့တဲ့ အမေရိကန် သမ္မတ ထရမ့် ကတော့ Rodríguez ကို အရေးယူမယ်လို့ အင်တာဗျူး တခုမှာ ပြောကြားထား ပါတယ်။
“သူမသာ အမှန်အကန် မလုပ်ဘူးဆိုရင် မလုပ်ဘူးဆိုရင် မာဒူရို ထက်တောင် ကြီးမားတဲ့ တန်ဖိုး ပေးဆပ်ရလိမ့်မယ်” လို့ ထရမ့်က ပြောလိုက်တာ ဖြစ်ပါတယ်။
—————————
THN Public Media
