အမျိုးသားညီညွတ်ရေးအစိုးရ NUG လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကို ဆောက်လုပ်ရေး ဝန်ကြီးဌာနာ ပါ ထည့်သွင်းသတ်မှတ် လိုက်ပြီ ဖြစ်ကြောင်း NUG ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီအတွက် NUG လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန အဖြစ် တည်ရှိသွားတော့မှာ ဖြစ်ပါတယ်။
NUG စိုးမိုးနယ်မြေတွေမှာ လျှပ်စစ်ဝန်ကြီးဌာန အနေနဲ့ ၂၀၂၂ ကတည်းက ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်တွေကိုပါ ပူးတွဲဖော်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအတွက်အခုလို တခုတည်း ပေါင်းလိုက်ပြီး CDM ဝန်ထမ်းတွေကို တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media
