ဇန်နဝါရီ ၂၇ – ၂၀၂၆
နယ်သာလန်နိုင်ငံ သဟိတ်မြို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာ နဲ့ မြန်မာအမှု အတွက် ဂမ်ဘီယာ ဘက်ကနေ ဒီကနေ့ နောက်ဆုံး နောက်ဆုံးလျှောက်လဲချက် ပေးနေပြီ ဖြစ်ပါတယ်။
ဂမ်ဘီယာ ဘက်က ဒီကနေ့ လျှောက်လဲချက် ပြီးတာနဲ့ မနက်ဖြန် ဇန်နဝါရီ ၂၈ နဲ့ သဘက်ခါ ၂၉ ရက်နေ့တွေမှာ မြန်မာဘက်က နောက်ဆုံးပိတ် လျှောက်လဲ ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ကနေ ၂၃ အထိ သက်သေတွေကို တံခါးပိတ် စစ်ဆေးခဲ့တာ ရှိသလို ဂမ်ဘီယာ ဘက်က ကျွမ်းကျင်သူ ကို မေးခွန်း မေးတဲ့ အစီအစဥ်လည်း ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု အတွက် မတားဆီး နိုင်ခဲ့ဘူး ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာ ကနေ မြန်မာ အပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
၂၀၁၉ ကတည်းက စတင်ကြားနာခဲ့တာ ဖြစ်ပြီး အခု ကြားနာမှုကတော့ နောက်ဆုံး ဖြစ်ပါတယ်။
—————————
THN Public Media
