ဖေဖေါ်ဝါရီ ၁၂ – ၂၀၂၆
ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်နဲ့ ဝန်ကျင်းတဝိုက်နေရာတွေမှာ ဒီကနေ့မနက် အသေခံ ဒရုန်းနဲ့ တိုက်ခိုက်ခံရကြောင်း စစ်ကော်မရှင် က သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီဒရုန်းယာဥ်တွေကို ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လေယာဥ်ပြေးလမ်းနဲ့ အနီးဝင်းကျင်နေရာတွေကို ဒရုန်းတွေ ပျက်ကျခဲ့ပြီး ဒရုန်းမှာပါတဲ့ ဗုံးတွေကို မပေါက်ကွဲအောင် ဆောင်ရွက်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
လူ လေယာဥ်ပြေးလမ်းနဲ့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှု မရှိဘူး လို့လည်း ဆိုပါတယ်။
အခုလို အများပြည်သူ နဲ့ ကုန်စည်ကူးသန်းမှုအတွက် အသုံးပြုတဲ့ လေဆိပ်ကို တိုက်ခိုက်တာဟာ ဂျနီဗာ ကွန်ဗန်းရှင်း နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ချိုးဖေါက်ပြီး စစ်ရာဇဝတ်မှုမြောက်တယ်လို့ စစ်ကော်မရှင် က စွပ်စွဲလိုက်ပါတယ်။
—————————
THN Public Media
