နိုင်ငံရေး

ဒေါ်ကြည်ပြာအမှု ဖြေရှင်းတဲ့ပုံစံ ယုတ္တိတန်မှုမရှိတဲ့ အတွက် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ထုတ်ပြန်ပေးဖို့ တနင်္သာရီတိုင်း CDM ကွန်ရက် တောင်းဆို

ဖေဖေါ်ဝါရီ ၂၀ – ၂၀၂၆

ဝန်ထမ်းတွေရဲ့ တိုင်ကြားခြင်း ခံရတဲ့ NUG ဝန်ကြီးချုပ်ရုံး ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်းတို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး ဖြေရှင်းတဲ့ပုံစံဟာ ယုတ္တိတန်မှုမရှိတဲ့ အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ရလဒ်တွေကို ပြည်သူလူထုကို ချပြဖို့ တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် TCSN က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ပြစ်မှုပြစ်ဒဏ် ချမှတ်ရာမှာ ကျောသားရင်သား မခွဲခြားဖို့နဲ့ တော်လှန်ရေးအစိုးရ ဂုဏ်သိက္ခာကို ရှေးရှုပြီး တရားမျှတမှု ပြန်လည် ရရှိစေရေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဒေါ်ကြည်ပြာ အမှု နဲ့ ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံးရဲ့ နိုဝင်ဘာ ၁၈ ထုတ်ပြန်ချက်မှာ ဒေါ်ကြည်ပြာ ဟာ အဂတိ လိုက်စားမှု၊ အလွဲသုံးမှု မရှိဘဲ ဝန်ထမ်းတွေအပေါ် စကား ချိုချိုသာသာ မပြောတာသာ ရှိခဲ့ကြောင်း နဲ့ ဒီအတွက် စကား ကောင်းကောင်းမွန်မွန် ပြောဖို့ ပြင်းထန်စွာ သတိပေးလိုက်တယ်လို့ ဖေါ်ပြထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *