မတ်လ ၁၆ – ၂၀၂၆
CRPH ကနေ ဒီကနေ့ ခေါ်ယူတဲ့ ပြည်ထောင်စုလွှတ်တော် ၉ ကြိမ်မြောက် အစည်းအဝေးကနေ စစ်တပ်ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ၊ အဲဒီနောက်လွှတ်တော်၊ ပြီးရင် ပေါ်ပေါက်လာမယ့် ဘယ်လို အုပ်ချုပ်ရေး အဖွဲ့ကို မဆို တရားမဝင်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။
ဒီအဆိုကို ဒေါ်ဖြူဖြူသင်းက တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က တညီတညွတ်တည်း ဆွေးနွေး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် နိုင်ငံတကာ အနေနဲ့ လည်း စစ်အုပ်စုက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ နဲ့ လွှတ်တော် အပါအဝင် အုပ်ချုပ်ရေးအဖွဲ့တွေကို အသိအမှတ်မပြုဖို့ သံတမန်ရေး ဆက်ဆံရေးမလုပ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဟာ တရားဝင်မှု ရှိနေဆဲဖြစ်ပြီး အဲဒီက ထွက်ပေါ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဟာ ပြည်သူလူထုက ပေးအပ်ထားတဲ့ ဒီမိုကရေစီ ကိုယ်စားပြုမှု ဆက်လက် ရရှိထားတယ်လို့လည်း အစည်းအဝေးအပြီး ထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ကိုယ်စားလှယ် ၂၀၅ ဦး (၇၂.၄၄ %) တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
—————————
THN Public Media
