မတ်လ ၂၄ – ၂၀၂၆
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ မနေ့ က Tennessee ပြည်နယ်မှာ ရောက်ရှိနေစဥ် အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ “ကျွန်တော့်ရဲ့ တသက်တာလုံးဟာ ညှိနှိုင်းဆွေး နွေးမှုတွေနဲ့ပဲ ကုန်ဆုံးခဲ့တာပါ၊ အီရန်နဲ့ လည်း ကျွန်တော်တို့ ဆွေးနွေး နေတာ အတော်ကြာပါပြီ” လို့ ဆိုပါတယ်။
“ဒီတကြိမ်မှာတော့ သူတို့ တကယ် အလေးအနက်ထားပုံ ရပါတယ်” လို့ ထရမ့်က ပြောပြီး အီရန်အနေနဲ့ နျူကလီးယား လက်နက် မပိုင်ဆိုင်ဖို့ သဘောတူထားပြီလို့ ယုံကြည်ကြောင်းလည်း သူက ဆိုပါတယ်။
အီရန်အနေနဲ့ ငြိမ်းချမ်းရေး အတွက် “နောက်ဆုံးအခွင့်အရေး တကြိမ်” ပဲ ရှိတော့တယ် လို့ ထရမ့်က ပြောပါတယ်။
“သူတို့ ဒီအခွင့်အရေးကို အရယူလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်” “ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်နဲ့ ကမ္ဘာကြီးဟာ အရင်ကထက် ပိုပြီး လုံခြုံလာမှာ ဖြစ်သလို၊ ဒါဟာ ပိုမို ဘေးကင်းတဲ့ ကမ္ဘာဂြိုဟ်ကြီး ဖြစ်လာမှာပါ” လို့လည်း သူက ပြောကြားခဲ့ပါတယ်။
သတင်းဌာန တော်တော်များများကလည်း ဒေါ်နယ်ထရမ့်ရဲ့ အထူး ကိုယ်စားလှယ် Steve Witkoff နဲ့ Jared Kushner တို့ဟာ အီရန်လွှတ်တော် ဥက္ကဋ္ဌ Mohammad-Bagher Ghalibaf နဲ့ ဆွေးနွေး နေတယ်လို့ သတင်း ရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ကြပါတယ်။
ဒါပေမယ့်လည်း အီရန် လွှတ်တော် ဥက္ကဋ္ဌ ကတော့ X လူမှုကွန်ရက် အကောင့် ကနေ အမေရိကန်နဲ့ ဘယ်လို ဆွေးနွေးမှုမျိုးမှ မလုပ်ခဲ့ဘူးလို့ ပို့စ်တင်ခဲ့ ပါတယ်။
အဲဒီပို့စ်မှာ သတင်းတု တွေကို အသုံးပြုပြီး ရေနံစျေးကွက်ကို ကစားနေကြ တာ ဖြစ်တယ်လို့ ဖော်ပြထား သလို၊ အီရန်ပြည်သူတွေက ကျူးကျော် သူတွေကို ပြင်းပြင်းထန်ထန် နောင်တရသွားစေမယ့် အပြစ်ပေးတာကို လိုလား နေကြတယ်လို့လည်း ရေးသားထားပါတယ်။
—————————
