မတ်လ ၂၅ – ၂၀၂၆
အီရန်စစ်ပွဲ အဆုံးသတ်ရေး ပါကစ္စတန် ကနေ တဆင့် အမေရိကန်အဆိုပြုထားတဲ့ အချက် ၁၅ ချက်
၁။ အီရန်အပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု အားလုံးကို ဖယ်ရှားပေးရန်။
၂။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် အရပ်ဘက်သုံး နျူကလီးယား စီမံကိန်းတခုကို တိုးမြှင့် ဖော်ဆောင်ရာတွင် အမေရိကန်က ကူညီပေးရန်။
၃။ ပိတ်ဆို့မှုများ တကျော့ပြန် ပြန်လည်ချမှတ်မည့် ခြိမ်းခြောက်မှုများကို ဖယ်ရှားပေးရန်။
၄။ အီရန် နျူကလီးယားအစီအစဉ်ကို သတ်မှတ်ထားသော ဘောင်အတွင်းမှ ရပ်ဆိုင်း ထားရန်။
၅။ သန့်စင်ပြီးသား ယူရေနီယံများကို ဆက်လက် ထားရှိခွင့်ပြုမည်ဖြစ်သော်လည်း စောင့်ကြည့် စစ်ဆေးမှုနှင့် သဘောတူထားသော ကန့်သတ်ချက်များ အောက်တွင်သာ ရှိနေစေရန်။
၆။ ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်၍ နောက်ပိုင်းအဆင့်ကျမှ ဆွေးနွေး ဆုံးဖြတ်ရန်ဖြစ်ပြီး၊ အရေအတွက်နှင့် ပစ်ခတ်နိုင်သည့် အကွာအဝေးကိုမူ ကန့်သတ်ထားရန်။
၇။ နျူကလီးယား အစီအစဉ်များကို အရပ်ဘက်သုံး သို့မဟုတ် ကာကွယ်ရေးဆိုင်ရာ ရည်ရွယ်ချက်များ အတွက်သာ ကန့်သတ်အသုံးပြုရန်။
၈။ လက်ရှိ ရှိနေသော နျူကလီးယား စွမ်းဆောင်ရည်များ ထပ်မံတိုးတက်အောင် လုပ်ဆောင် နေခြင်းကို ရပ်တန့်ရန်။
၉။ ယူရေနီယံသန့်စင်မှု လုပ်ငန်းစဉ်များကို ထပ်မံတိုးချဲ့ခြင်း မပြုရန်။
၁၀။ အီရန်မြေပေါ်တွင် လက်နက်အဆင့် နျူကလီးယားပစ္စည်းများ ထုတ်လုပ်ခြင်း မပြုရန်။
၁၁။ သန့်စင်ပြီးသား နျူကလီးယား ပစ္စည်းအားလုံးကို သဘောတူထားသော အချိန်ကာလအတွင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ IAEA ထံ လွှဲပြောင်းပေးရန်။
၁၂။ Natanz ၊ Isfahan နှင့် Fordow ရှိ နျူကလီးယား စက်ရုံများကို အသုံးပြုခြင်းမှ ရပ်စဲရန် (သို့မဟုတ်) ဖျက်ဆီးရန်)။
၁၃။ နိုင်ငံတကာ၏ စောင့်ကြည့် စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာ ယန္တရားများကို အကောင် အထည်ဖော်ရန်။
၁၄။ သဘောတူညီချက်များကို လိုက်နာမှု အပေါ် မူတည်၍ အဆင့်ဆင့် အကောင်အထည် ဖော်သွားရန်။
၁၅။ ပါဝင် ပတ်သက်သူများအကြား ဒေသတွင်းနှင့် လုံခြုံရေးဆိုင်ရာ ထပ်ဆောင်း နားလည်မှုများ ရယူရန် တို့ ဖြစ်ကြပါတယ်။
—————————
