ဧပြီ ၁ – ၂၀၂၆
၂၀၂၂ ဇွန်လက စစ်ကောင်စီ ဖမ်းဆီးတာ ခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်ဟောင်း ကိုဂျိမ်း (ခ) လင်းထက်နိုင် ဟာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
သူပြန်လွတ်လာတာကို သူ့ရဲ့ဇနီးဖြစ်သူ မဖြိုးဖြိုးအောင် က ဖေ့စ်ဘွတ်မှာ “ဂျိမ်း ဒီနေ့ လွတ် လာပါပြီ”လို့ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
ကိုလင်းထက်နိုင်ကို ပုဒ်မ ၅၀၅-က/ ၅၂-ခ တို့နဲ့ ထောင်ဒဏ် ၈ နှစ် ချထားတာ ဖြစ်ပါတယ်။
ထောင်ကျနေစဥ် ၂၀၂၂ အောက်တိုဘာ ၁၉ ရက်နေ့ မှာ ထောင်ဝင်စာ သွားတွေ့တဲ့ ကိုဂျိမ်းရဲ့ မိခင်ဟာ အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုမှာ သေဆုံးသွားခဲ့ ရပါတယ်။
—————————
