ဧပြီ ၂ – ၂၀၂၆
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးမှာ ရွေးချယ်ခံထားရတဲ့ ဒုတိယသမ္မတ ၃ ဦး စလုံး အရည်အချင်း ကိုက်ညီမှု ရှိတယ်လို့ သမ္မတ အရည်အချင်း စိစစ်ရေးကော်မတီက ကြေညာခဲ့ ပါတယ်။
ဒုတိယ သမ္မတလောင်း ၃ ဦး ကတော့ တပ်ချုပ်ဟောင်း ဦးမင်းအောင်လှိုင်၊ ဦးညိုစော နဲ့ ဒေါ်နန်းနီနီအေး တို့ ဖြစ်ကြပါတယ်။
ဒီ ဒုတိယသမ္မတ ၃ ဦးထဲကနေ သမ္မတ ကို မနက်ဖြန် ရွေးချယ်မှာ ဖြစ်ပြီး ကျန် ၂ ဦး ကတော့ ဒုသမ္မတ ၁ နဲ့ ၂ တို့ ဖြစ်လာကြမှာပါ။
စစ်တပ်က ပြုလုပ်တဲ့ အခု နိုင်ငံရေး အပြောင်းအလဲမှာ ရာထူးက အနားယူသွားတဲ့ တပ်ချုပ်ဟောင်း ကိုယ်တိုင် သမ္မတ လုပ်မှာ ဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
—————————
