ဧပြီ ၁၇ – ၂၀၂၆ (မြန်မာနှစ်ဆန်းတရက်နေ့)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အထက်လွှတ်တော်ရုံးမှာ မြန်မာ့ အရေးဆွေးနွေးပွဲ တခုကို ဧပြီလ ၁၅ ရက်နေ့ကကျင်းပခဲ့ရာ NUG က တက်ရောက် ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Burma Research Institute (BRI) က ကြီးမှုး ကျင်းပပြုလုပ်ခဲ့တဲ့ (၇) ကြိမ်မြောက် မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး ဦးမိုးဇော်ဦးက မြန်မာနိုင်ငံ လက်ရှိ အခြေအနေ တွေကို ရှင်းလင်း ဆွေးနွေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက video message ပေးပို့ခဲ့ သလို NUG သမ္မတ အကြံပေး ဦးကျော်ဇော်၊ CRPH အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ Women Advocacy Coalition က coordinator ဒေါ်မေစပါယ်ဖြူ အပါအဝင် မဟာမိတ် တိုင်းရင်းသား ခေါင်းဆောင် တွေကလည်း ဆွေးနွေး ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။
အမေရိကန် ဘက်က Senator Chris Van Hollen အပါအဝင် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးက တာဝန်ရှိသူ နဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ တာဝန်ရှိသူတွေ၊ online ကနေ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
—————————
THN Public Media
