မေလ ၂၉ – ၂၀၂၇
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာ NUG ပညာရေး အကောင်အထည် ဖေါ်ဖို့ ကြိုးပမ်းနေတာကြောင့် တော်လှန်ရေးနယ်မြေအတွင်းက ကျောင်းသား မိဘတွေ အနေနဲ့ စစ်ကောင်စီ ကျောင်းတွေ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းတွေ နဲ့ ဘက ကျောင်းတွေမှာ လုံးဝ ကျောင်းအပ်နှံတာ မလုပ်ဖို့ ပုလဲ ပအဖ က မေလ ၂၆ ရက်နေ့က သတိပေး အသိပေး ချက် ထုတ်ပြန် လိုက်ပါတယ်။
စစ်ကောင်စီ ကျောင်းတွေမှာ အပ်နှံထားတယ်ဆိုရင် ဇွန်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး ကိုယ့် သားသမီးတွေကို ပြန်ခေါ်ကာ NUG ကျောင်းတွေ မှာ အပ်နှံရမှာ ဖြစ်ပါတယ်။
ဒါဟာ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ဟန့်တားတာ မဟုတ်ဘဲ တော်လှန်ပြည်သူတွေ အတွက် လုံခြုံရေးစည်း မကျိုးပေါက်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ကျောင်းမှာ တက်နေတဲ့ ကျောင်းသူ ကျောင်းသား တွေကိုလည်း တော်လှန်ရေး မပြီးမချင်း တော်လှန်ရေး နယ်မြေအတွင်း ပြန်လာတာကို ခွင့်မပြုကြဖို့ကိုလည်း အသိပေးထားပါတယ်။
စည်းကမ်းတွေကို မလိုက်နာရင် တည်ဆဲ ဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့ သတိပေးထားပါတယ်။
—————————
THN Public Media

